09 889 965651

ပြည်မှာ ဒါလေးတွေစားကြည့်

ပြည်ထမင်းသုပ်

ပြည်ထမင်းသုပ် ကိုတော့ ပြည်ကို မလာခင်ထဲက ကြားဖူးကြမယ်ထင်ပါတယ်။ ပြည်သူ ပြည်သားတွေက တော့ မနက်စာဆို ထမင်းသုပ်ကို နှစ်နှစ်ခြိုက်ခြိုက်  စားကြတဲ့လူများတယ်။ ထမင်းသုပ်ကို ကြက်ဥကြော်၊ ငါးဖယ်ကြော်၊ ဆိတ်သားကြော်၊ အမဲကြော် တွေနဲ့ ဆိုင်ကို လိုက်ပီး အသားကြော်လေးတွေ စုံကြပါတယ်။ လူကြိုက်များတဲ့ ထမင်းသုပ်ဆိုင် နာမည် နဲ့ လိပ်စာလေးတွေ အောက်မှာ ရေးပေးထားပါတယ်။

ဒေါ်တင်အေး(လက်စွမ်းပြ)
ရွှေသာလျှောင်းဘုရားလမ်း၊ ပြည်မြို့

ဒေါ်တင်အေး(လက်စွမ်းပြ-၂)
အမှတ်(၁၇၃)၊ လမ်းရှည်လမ်း၊ ပြည်မြို့

ဒေါ်ဥ
အမှတ်(၃၀၇)၊ ပွဲစားလမ်း၊ ပြည်မြို့
ဖုန်း – ၀၅၃-၂၅၃၄၄

စစ်မှန်
အမှတ်(၂၃၆)၊ ပန်းဘဲတန်းလမ်း၊ ရွှေကူရပ်ကွက်၊ ပြည်မြို့
ဖုန်း – ၀၉၂၅၄၉၇၇၁၇၆

 

ကောက်ညင်းပေါင်း

ပြည်က ကောက်ညင်းပေါင်းက တခြားမြို့တွေမှာ စားသလို နှမ်းထောင်းလေးတင် မဟုတ် အုန်းသီးဆီချက်နဲ့ အနှစ်၊ အုန်းသီးစိမ်းခြစ်၊ စားတော်ပဲပြုတ်များများ၊ ကြက်သွန်ကြော် လေးပါဖြူးထားတော့ မွှေးပီးတော့ စိမ့်နေတော့တာပဲ။ ဆီထမင်း၊ ငါးချိတ် နဲ့ အဖြူ သုံးမျိုးရှိပါတယ်။ လူကြိုက်များတဲ့ဆိုင်လေး ၂ ဆိုင်ကို ညွှန်းပေးလိုက်ပါတယ်။ ၂ ဆိုင်လုံးက  ဗိုလ်ချုပ်လမ်းနဲ့ ဆွေးနွေးဘုရားလမ်း ထောင့်မှာပဲ ရှိပါတယ်။ မျက်နှာချင်းဆိုင်ပေ့ါ။

ဘုရားဖက်ခြမ်းက ဆိုင်က ကောက်ညင်းကို  စားလိုက်ရင် ဖောက်ဖောက် ဖောက်ဖောက် နဲ့ စားကောင်းပါတယ်။ 

လမ်းတစ်ဖက်ခြမ်း ထောင့်က ဆိုင်ကတော့ ကောက်ညှင်း က အိအိလေးနဲ့ တစ်မျိုး စားကောင်းပါတယ်။

အစာပလာတွေပါတာကတော့ ၂ ဆိုင်လုံးတူတူပါပဲနော်။

ကော်ရည်/ဆီချက်/ဆီကော်

ကော်ရည် နဲ့ ဆီချက်က ဘယ်လိုပုံလဲဆိုတာ သိကြတဲ့လူများပါတယ်။ နဲနဲဆန်းတာက ဆီကော်ပေါ့ ။ ဆီကော်ဆိုတာ ဆီချက်ထဲကို အီကြာကွေးနဲ့ ကော်ရည်လေး နဲနဲဆမ်းစားရတာမျိုးပါ။ အရည်များများကြိုက်ရင်တော့ ကော်ရည်ပဲစားပါ။ နာမည်အကြီးဆုံးနဲ့ သက်တမ်းအကြာဆုံးဆိုင်ကတော့

ဦးညွန့်ရွှေ
လမ်းရှည်လမ်း ပါ။

မနက် နဲ့ ညနေ ၂ ချိန်ရပါတယ်။ ညနေက မြိတ်ကော်ရည်ပုံစံမျိုး  ရောင်းတာပါ။ ငါးပိထောင်း သံပုရာသီးညှစ်လေးနဲ့  အပ်မှို အသားလုံးတွေထည့်စားလို့ရပါတယ်။

ပြည်ကော်ရည် စစ်စစ် ကိုစားချင်ရင်တော့ မနက်ပိုင်း အမီသွားစားဖို့ အကြံပေးချင်ပါတယ်။

ထမင်းကြော်သုပ်


ထင်းကြော်ကို သုပ်ထားတဲ့ ထမင်းကြော်သုပ်ပါ။ ထမင်းသုပ်လို မဟုတ်ဘဲ အနံ့၊ အရသာ တစ်မျိုးနဲ့ အရမ်းစားကောင်း ပါတယ်။ စားကြည့်သင့်ပါတယ်။ လူများလို့ စိတ်ရှည်ရှည်တော့ စောင့်ရပါတယ်။ အသားကြော်၊ ဘဲဥချက် တို့နဲ့ တွဲစားလို့ရပါတယ်။ ဆိုင်နေရာကတော့
ဗဟိုမီးသတ်ရှေ့၊ ညစျေးတန်းထိပ်၊ ပြည်မြို့ ပါ။

ပြည်ပလာတာ

ပြည်ပလာတာဆိုတာ ပဲမှုန့်၊ ကြက်သား၊ အာလူးလုံးတွေနဲ့ ချက်ထားတဲ့ ပလာတာအရည်ကိုမျိုးပါ။ ပလာတာထဲကို စမူဆာ၊ ပလာတာ၊ အီကြာကွေး၊ နံပြား စသည်ဖြင့် မိမိကြိုက်နှစ်သက်တဲ့ အစာတွေ ညှပ်ထည့်စားနိုင်ပါတယ်။ လူကြိုက်များတဲ့ ပြည်ပလာတာဆိုင် နာမည် နဲ့ လိပ်စာလေးတွေ အောက်မှာ ရေးပေးထားပါတယ်။

မွတ်တားလေး
ရွှေဆံတော် မြောက်စောင်းတန်းလမ်း
နေ့လည် ၂ နာရီလောက်ကနေ ညနေ ၅ နာရီလောက်ထိ ဖွင့်ပါတယ်

နှုတ်ခမ်းမွှေး
ဗိုလ်ချုပ်လမ်း၊ ဗလီရှေ့နား
ဖုန်း – 09423692202

ရာကွတ်
ဗိုလ်ချုပ်လမ်း၊ ပြည်
မနက် (၇) နာရီလောက်ဆို မရှိတော့ပါဘူး ကုန်ပါပီ စောစောသွားစားမှ အဆင်ပြေမှာပါ။

ကိုမွတ်တား
စစ်ကဲလမ်း နှင့် လမ်းမတော်လမ်းထောင့်နား

ကြက်သောက်ဆမ်း

ကြက်သောက်ဆမ်း ကတော့ ပြည်ကိုလာတဲ့ လူတိုင်းလိုလို အကြိုက်တွေ့သွားကြတဲ့ ရခိုင်အစားအစာတစ်မျိုးပါ။ နေရာတော့ အများကြီး မညွှန်းတော့ဘူးနော် လူကြိုက်အများဆုံးတစ်ဆိုင်ပဲ ထည့်ပေးထားတယ်။ ဆိုင်လေးက သောက်ဆမ်း နဲ့ ကာလသားချက် အဝစားကို အရံဟင်းလည်း အစုံပေးလို့ လူတော့များပါတယ်။

ရွှေပြည် ( ဦးကြည်စိုး)
နဝဒေး လမ်းဆုံအနီး

မူလ ကြက်သောက်ဆမ်း အရသာစားချင်ရင်တော့ ပြည်မြို့တဖက်ကမ်း ဥသျှစ်ပင် လမ်းကနေ
၅ မိုင်လောက် သွားလိုက်ရင်
တောင်ကုန်းလေးပေါ်မှာ အဖိုးကြီး အဖွားကြီး
စုံတွဲလေးရောင်းတဲ့ ဆိုင်လေး ရှိပါတယ်။
တို့ဟူးသုပ်/စိန်ပန်းသုပ်/ဖောက်သုပ်

တို့ဟူးသုပ်၊ အသုပ်စုံကို တော့ ညနေပိုင်းမှာ ပွင့်လှသိမ်ကုန်းဆိုတဲ့ ရပ်ကွက်ကနေ သုံးဘီးဆိုင်ကယ်၊ ဆိုက်ကား၊ အထမ်းလေးတွေနဲ့ မြို့ထဲဖက် နေရာအနှံ့ထွက်လာရောင်းကြပါတယ်။

ဒါလေးက ဖောက်သုပ်ပါ တို့ဟူးကို ပျော့ပျော့လေးကြော်ထားပီး အထဲကို သင်္ဘောသီးခြစ် နဲ့တခြား အဆာပလာလေးတွေထည့်ပီး ငံပြာရည်တို့ ဆီချက်တို့နဲ့ သုပ်ထားတာပါ။

စိန်ပန်းသုပ်ဆိုတာကတော့ တို့ဟူးကြော် ပျော့ပျော့လေးကို တို့ဟူးသုပ် သုပ်သလို သုပ်ထားတာပါ။

ဆိုင်လေးတွေ အများကြီးရှိပေမယ့် ပိုစားကောင်းတဲ့ ဆိုင်လေးတွေ လမ်းညွှန်ပေးလိုက်ပါတယ်။

ဗိုလ်ချုပ်လမ်းမကြီးပေါ်က အနောက်ပေါက်ထိပ်နားက သုံးဘီးနဲ့ ရောင်းတဲ့ဆိုင်

လမ်းမတော် ကမ္ဘာစိုးနဲ့ရွှေကမ္ဘာနားက ညီအစ်မတွေဆိုင်

လမ်းမတော်နဲ့ စစ်ကဲလမ်းထိပ်က သုံးဘီးနဲ့ထွက်တဲ့ဆိုင်

တောလက်ဖက်သုပ်

နိဗ္ဗိန္ဒလက်ဖက်၊ သီလရှင်လက်ဖက် လို့လည်း ခေါ်ကြပါတယ်။ ဆေးဖက်၀င်နုနဲရွက်နဲ့ပြုလုပ်ထားလို့ လက်ဖက်နဲ့ ဓာတ်မတည့်တဲ့သူတွေ ဒီတောလက်ဖက်ကိုစားလို့ ဗိုက်အောင့် ဗိုက်နာတာမျိုးမရှိပါဘူး။ အနံ့ နဲနဲပြင်းလို့ တစ်ချို့ စားကာစမှာ သိပ်မကြိုက်ကြပါဘူး။ ဒါပေမယ့် လက်ရာကောင်းကောင်းနဲ့ သုပ်ထားတာလေး ၂ ခါလောက် စားပြီးရင်လည်း အဲဒီ့အနံ့လေးကိုပဲ တမ်းတမ်းစွဲကြိုက်တာမျိုး ဖြစ်ကြပြန်ရော။ ခရမ်းချဥ်သီး၊ ငရုတ်သီးစိမ်း၊ ကြက်သွန်နီပါးပါးလှီး၊ ဂေါ်ဖီထုပ်ပါးပါးလှီး ထည့်ပြီး ချဥ်ငံစပ် သုပ်စားရတာမျိုးပါ။ ပြည်မြို့စျေးတွေလည်းမှာလည်း တောလက်ဖက်ထုပ်ကို အလွယ်တကူ၀ယ်လို့ရတာမို့ အဆင်ပြေပါတယ်။ ပြည်မှာပဲရတဲ့ အစားအစာလေးမို့ လက်လွတ်မခံ စားကြည့်သင့်ပါတယ်နော်။

မြန်မာ ထမင်းဆိုင်များ

မေရွက်ဝါ

ကန်လမ်း၊ ကျောင်းကြီးအိုးတန်းရပ်ကွက်၊ ပြည်မြို့။
Phone : +955325338

ရွှေဝါးအိမ်

အမှတ်(၈၀)၊ သရဖီလမ်း၊ပြည်မြို့။
မာန်အောင်ပေါက်ကဝင်ရပါတယ်
Phone : 09 45233 5169

မြတ်သုခ

အထွေထွေဆေးရုံကြီးအနီး၊ အောင်ဆန်းပြည်သာယာရပ်ကွက်၊ပြည်မြို့။
တစ်ခါပြင်-၁၅၀၀ ကျပ်
စိတ်ကြိုက်အရံဟင်း ၂ မျိုး နဲ့ အိမ်ချက်အရသာပါ

ယုဇန

တပ်လမ်း၊ ကျောင်းကြီးအိုးတန်းရပ်ကွက်၊ ပြည်မြို့။

အိဖူး

ရွှေဟင်္သာအနောက်ပေါက်၊ ပြည်မြို့။
Phone : +959791180272

ပြည်ကောင်းကင် ဘူဖေး

တပ်လမ်း၊ ပြည်မြို့။
Phone : +95943123208
ထမင်း ၊ ဟင်း အဝစား – ၄၀၀၀ ကျပ်
တစ်ခါပြင် ဟင်း ၂မျိုး၊ အရံဟင်း ၂ မျိုး – ၂၅၀၀ ကျပ်

စားသောက်ဆိုင်များ

Baydaryi Food Village

ပြည်ညစျေးတန်း အနောက်ဖက်ထိပ်
Phone : +959796999948

Wish River View Restaurant

Wish River Viewကမ်းနားလမ်း၊ ပြည်မြို့။
Phone : +959252622828

FAMILY Swimming Pool , Restaurant & Rooftop Bar

No(10/72) Yadanar 3rd Street ,Na_Win_Kwet_Thit, Pyay
Phone : +959252622828

Prome Garden Restaurant

Prome Garden RestaurantNo.(99) U Saw Nan Road Pyay, Myanmar
Phone : 09 40203 0223

Valley Restaurant

Ayay Paw Street, Michaungye ward, Mingyitaung, Pyay
Phone : +959788888442