09 889 965651

ပြည်လက်ဆောင် ဝယ်လို့ကောင်းတဲ့ နေရာလေးတွေကို လမ်းညွှန်ပေးထားပါတယ်။

ပြည်ထမင်းသုပ်

အောက်ကဆိုင် တွေမှာ Ready Made ထမင်းသုပ်ဗူးလေးတွေ ဝယ်လို့ရပါတယ်

ဒေါ်တင်အေး(လက်စွမ်းပြ)
ရွှေသာလျှောင်းဘုရားလမ်း၊ ပြည်မြို့

ဒေါ်တင်အေး(လက်စွမ်းပြ-၂)
အမှတ်(၁၇၃)၊ လမ်းရှည်လမ်း၊ ပြည်မြို့

ဒေါ်ဥ
အမှတ်(၃၀၇)၊ ပွဲစားလမ်း၊ ပြည်မြို့
ဖုန်း – ၀၅၃-၂၅၃၄၄

စစ်မှန်
အမှတ်(၂၃၆)၊ ပန်းဘဲတန်းလမ်း၊ ရွှေကူရပ်ကွက်၊ ပြည်မြို့
ဖုန်း – ၀၉၂၅၄၉၇၇၁၇၆

မလိုင်လုံး၊ မလိုင်ပြား၊ မြေအိုးမလိုင်

မလိုင်လုံး၊ မလိုင်ပြား၊ မြေအိုးမလိုင်၊ ယိုဗူးလေးတွေ နဲ့ တောလက်ဖက်ကို ပြည်ညစျေး နဲ့ ရွှေဆံတော်စေတီရှေ့က ဆိုင်တော်တော်များများမှာ ဝယ်လို့ရပါတယ်။

စိန်နွားမင်း
ပြည်ညစျေးတန်းထိပ်နားမှာ ရှိတဲ့ စိန်နွားမင်းက တော့ မလိုင်လုံး၊ မလိုင်ခဲ၊ မလိုင်ပြား ဝယ်ဖို့ အကောင်းဆုံးဆိုင်လို့ ညွှန်းချင်ပါတယ်။ အဲဒီ့ဆိုင်မှာပဲ တခြား ယိုစုံဘူး နဲ့ ကရေကရာ၊ နိဗ္ဗိန္ဒလက်ဖက် လေးတွေလည်း ဝယ်လို့ကောင်းပါတယ်။ မလိုင်ကတော့ သူ့ဆိုင်မှာ တခြားတံဆိပ်တွေလည်းရှိပေမယ့် စိန်နွားမင်းတံဆိပ်ကတော့ အရမ်းလည်းမချိုဘဲ စိမ့်နေတာမို့ အဲဒီ့ တံဆိပ်ကို ဝယ်စားကြည့်ဖို့ ညွှန်းချင်ပါတယ်။

နိဗ္ဗိန္ဒလက်ဖက်

တောလက်ဖက်ကို ပြည်ညစျေး နဲ့ ရွှေဆံတော်စေတီတော်ကြီး ရှေ့က ဆိုင်တော်တော် များများမှာ ဝယ်လို့ရပါတယ်။

ဝေဖြိုး (ထွန်းသီရိ ရုပ်ရှင်ရုံရှေ့)
နိဗ္ဗိန္ဒလက်ဖက် စစ်စစ် ရတယ်လို့ နာမည်ကြီးပါတယ်။ တခြားပြည်လက်ဆောင်တွေ သိပ်မရှိပေမယ့် တောလက်ဖက်ကို အဲဒီ့ဆိုင်က ဝယ်ဖို့ ညွှန်းချင်ပါတယ်။

ပွင့်ဇီဇဝါ
နိဗ္ဗိန္ဒလက်ဖက်ကို ဗူးလေးတွေနဲ့ နှပ်ပီးသား ရောင်းပါတယ်။
လိပ်စာ -စျေးခေါင်းရုံးအနီး၊ ဗျတ်ထိုးဝင်း၊ စျေးကြီး
ဖုန်း​-၀၉၇၉၇၃၆၀၉၂၂ ၊ ၀၉၅၃၇၆၇၁၈၊ ၀၉၅၃၇၀၆၉၇

ကျီးသဲ /မြို့မ စည်းလုံချည်

ကျီးသဲစည်း (စည်းပိုး) လို့ခေါ်တဲ့ ချည်သားစစ်စစ် ပေါ့ပေါ့ပါးပါးအထည်လေးတွေပါ။ဝတ်လို့ကောင်းသလို စျေးလည်းချို အဆင်လေးတွေကလည်း မြင်နေကျမဟုတ်တဲ့ ဒီဇိုင်းတစ်မျိုးမို့ ချည်ထည်ကြိုက်တတ်လူတွေကတော့ အရမ်းသဘောကျမှာ အမှန်ပါပဲ။ ရွှေတောင်မြို့ပေါ် က အိုဆာကာဆိုင်(ရွှေတောင်ခေါက်ဆွဲဆိုင်) နဲ့ အဝတ်အထည်ရောင်းတဲ့ ဆိုင်တွေမှာ ဝယ်လို့ရပါတယ်။