09 889 965651

ပြည်သရေခေတ္တရာသို့အလည်တခေါက်

ပြည်မြို့လို့​ပြောလိုက်ရင် မြန်မာပြည်မှာ မသိသူမရှိ​လောက်​အောင် ထင်ရှားတဲ့မြို့တစ်မြို့ဖြစ်ပါတယ်။ ကမ္ဘာ့အ​မွေအနှစ်စာရင်းဝင် သ​ရေ​​​ခေတ္တရာမြို့​ဟောင်းကလည်း ပြည်ရဲ့ ​ကျော်ကြားမှုကို ထပ်မံအားဖြည့်​ပေး​နေပါတယ်။ သွား​ရေးလာ​ရေးအရကြည့်မယ်ဆိုရင်လည်း ရန်ကုန်က​နေ ပြည်အထိ​ပေါက်တဲ့ ​ရန်ကုန်-ပြည်လမ်းက အင်မတန် ​သွားလမ်းလာလမ်းသာသလို မီးရထားနဲ့သွားမယ်ဆိုရင်လဲ အဆင်​ပြေလှတဲ့မြို့ပါ။ တပြည်သူမ​ရွှေထား ရှိရာ ပြည်မြို့ကို လွန်ခဲ့တဲ့နှစ်​အနည်းငယ်က ကျွန်​တော် သွား​ရောက်လည်ပတ်ဖြစ်ခဲ့ပုံလေးကို ပြန်လည်ဝေမျှပေးချင်ပါတယ်။

ပြည်မြို့

ပြည်မြို့သည် ဧရာဝတီမြစ် အရှေ့ဘက်ကမ်းတွင်တည်ရှိပြီး ပဲခူးတိုင်းဒေသကြီး၏ အနောက်မြောက်ဘက် အစွန်ဆုံးမြို့လည်း ဖြစ်သည်။ ရန်ကုန်မြို့နှင့် ကားလမ်း (၁၇၉) မိုင်၊ မီးရထားလမ်း(၁၆၁) မိုင်ရှည်လျားပြီး ရန်ကုန်-ပြည် ကားလမ်းဆုံးမြို့လမ်းဖြစ်သည်။ ပြည်မြို့မှ တဆင့် မကွေးတိုင်းကိုဖြတ်၍ ကျောက်ပန်းတောင်း၊ ပုဂံစသောဒေသ များသို့လည်းကောင်း၊ မန္တလေးမြို့သို့လည်းကောင်း၊ ဧရာဝတီမြစ်ကို ဖြတ်၍ ပန်းတောင်းမြို့များမှ တဆင့် ရခိုင်ပြည်နယ်သို့ လည်းကောင်း သွားရောက် နိုင်သဖြင့် လမ်းပန်းဆက်သွယ်ရေး အထူးကောင်းမွန်သော မြို့လည်းဖြစ်သည်။ ရေလမ်းအားဖြင့် ရန်ကုန်မှ ၂၆၃ မိုင်ကွာဝေးသည်။

သရေခေတ္တရာ

သရေခေတ္တရာသည် ပျူလူမျိုး တို့၏ ရှေးဟောင်းမြို့တော်ဖြစ်သည်။ သရေခေတ္တရာ (သို့မဟုတ်) သီရိခေတ္တရာ ပျူယဉ်ကျေးမှုအမွေအနှစ်(Sriketra, Pyu Cultural Heritage Region)နယ်မြေသည် ပဲခူးတိုင်းဒေသကြီးပြည်မြို့၏ တောင်ဘက်ငါးမိုင်ခန့်အကွာ၊ ရန်ကုန်မြို့၏ အနောက်မြောက်ဘက် မိုင် ၁၈ဝ ခန့်အကွာတွင် တည်ရှိသည်။ အေဒီ ၄ ရာစုမှ ၉ ရာစု အတွင်း ထွန်းကားခဲ့သည့် ရှေးပျူမြို့ဟောင်း တစ်ခုဖြစ်သည်။ သရေခေတ္တရာပျူမြို့ဟောင်းကို ဂဝံပတေ့အရှင်သူမြတ်အမှူးပြု၍ ဒွတ္တပေါင်မင်းကြီးတည်ထောင်ခဲ့ပြီး မင်းစဉ်မင်းဆက် အုပ်စိုးခဲ့ကြသည်။ မှန်နန်းမဟာရာဇဝင်တော်ကြီးမှ ကောက်နုတ်ဖော်ပြချက်တွင်..